ယောဂအမျိုးအစားများ

ယောဂအမျိုးအစားများ

15:20 PM 1 Feb, 2024

ယောဂ အမျိုးအစား (သို့မဟုတ်) style များစွာ ရှိပါတယ်။ ၎င်းတို့ဟာ အပျော့ကနေ ပြင်းထန်သည်အထိ အမျိုးမျိုးရှိပါတယ်။ လူကြိုက်များတဲ့ ယောဂပုံစံအချို့ကတော့

▪️ Ashtanga သို့မဟုတ် Power Yoga

ဒီယောဂအမျိုးအစားဟာ Workout များများပါဝင်ပြီး အတန်းအလိုက် ကိုယ်ဟန်အနေအထားတစ်ခုမှ အခြားတစ်ခုကို လျင်မြန်စွာ ရွေ့လျားရပါတယ်။

▪️ Bikram သို့မဟုတ် Hot Yoga

95°F မှ 100°F (35°C မှ 37.8°C) အထိ အပူပေးထားတဲ့ အခန်းမှာ pose ၂၆ ခုကို ဆက်တိုက်လုပ်ရပါတယ်။ ရည်ရွယ်ချက်ကတော့ ကြွက်သားတွေနဲ့ အရွတ်တွေကို နွေးထွေးစေဖို့၊ ဆန့်ထုတ်ဖို့နဲ့ ချွေးများများထွက်ပြီး ခန္ဓာကိုယ်ကို သန့်စင်စေဖို့ ဖြစ်ပါတယ်။

▪️ Hatha ယောဂ

Hatha yoga ဆိုတာ လူသိများတဲ့ ယောဂပုံစံ၊ ယောဂအတွက် ယေဘုယျအသုံးအနှုန်း ဖြစ်ပါတယ်။

၎င်းမှာ အသက်ရှုလေ့ကျင့်ခန်းနဲ့ ကိုယ်နေဟန်ထား နှစ်မျိုးလုံး ပါဝင်လေ့ရှိပါတယ်။

▪️ Integral

အသက်ရှုလေ့ကျင့်ခန်း၊ မန္တာန် ရွတ်ဆိုခြင်း (chanting) နဲ့ တရားထိုင်ခြင်းတို့ပါဝင်တဲ့ နူးညံ့သိမ်မွေ့တဲ့ ယောဂအမျိုးအစား ဖြစ်ပါတယ်။

▪️ Iyengar

ခန္ဓာကိုယ်ရဲ့ တိကျတဲ့ ချိန်ညှိမှုကို အလွန်အာရုံစိုက်တဲ့ စတိုင်တစ်ခု ဖြစ်ပါတယ်။ ကိုယ်ဟန်အနေအထားကိုလည်း pose တစ်ခုမှာ အချိန်အကြာကြီး ထိန်းထားရပါတယ်။

▪️ Kundalini

ကိုယ်ဟန်အနေအထားအပေါ် အသက်ရှုခြင်းရဲ့ အကျိုးသက်ရောက်မှုတွေကို အသားပေးပါတယ်။ ရည်ရွယ်ချက်ကတော့ ခန္ဓာကိုယ်အောက်ပိုင်းရှိ စွမ်းအင်တွေထွက်အောင် လှုံ့ဆော်ပြီး၊ ဒီစွမ်း‌အင်တွေကို အထက်သို့ လွတ်လပ်စွာရွေ့လျားနိုင်ဖို့ ဖြစ်ပါတယ်။

▪️ Viniyoga

ဒီပုံစံဟာ လူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ စွမ်းရည်တွေနဲ့အညီ ကိုယ်ဟန်အနေအထားတွေကို လိုက်ဖက်အောင် ပြင်ဆင်ပေးပြီး အသက်ရှုခြင်းနဲ့ ကိုယ်ဟန်အနေအထားတွေကို ပေါင်းစပ်‌လေ့ကျင့်ရခြင်း ဖြစ်ပါတယ်။