ခန္ဓာကိုယ်ကို ပျော့ပျောင်းစေနိုင်တယ် – ယောဂကစားတာက ကြွက်သားတွေကို ဆန့်ထုတ်ရတာဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ပျော့ပျောင်းစေနိုင်ပြီး အကြောတွေပြေစေနိုင်ပါတယ်။
ကြွက်သားတွေ သန်စွမ်းစေနိုင်ပါတယ် – ယောဂက တစ်ကိုယ်လုံးကိုလှုပ်ရှားရတာကြောင့် ကြွက်သားတွေ၊ အရွတ်တွေ နဲ့ အကြောတွေကို သန်စွမ်းစေနိုင်ပါတယ်။
ကိုယ်နေဟန်ထား ကောင်းလာစေတယ် – ကြွက်သားတွေ အရိုးအကြောတွေကို သန်မာစေနိုင်တာကြောင့် ခန္ဓာကိုယ်က ပုံစံကျပြီး ကိုယ်နေဟန်ထားကောင်းလာစေမှာပါ။ လက်ပျဉ်ကိုင်းတာ၊ ခါးကိုင်းတာမျိုး ကင်းဝေးသွားမှာပါ။
အရိုးနုတွေ အဆစ်တွေကို ကာကွယ်ပေးတယ် – ယောဂက အဆစ်တွေကိုလှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်တာ ကြောင့် အရိုးနုတွေနဲ့ အဆစ်တွေကို ထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။
ကျောရိုးတွေကို သန်မာစေနိုင်တယ် – အထိုင်များတဲ့ သူတွေအတွက် ယောဂကလေ့ကျင့်ခန်းက တော်တော်လေးအဆင်ပြေပါတယ်။ လှုပ်ရှားမှုနည်းတဲ့သူတွေအတွက် ကျောရိုးကို လှုပ်ရှားဖြစ်စေတာကြောင့် ကျောရိုးသန်မာစေနိုင်ပါတယ်။
အရိုးကျန်းမာစေနိုင်တယ် – ယောဂက အရိုးသိပ်သည်းဆကို တိုးစေနိုင်တာကြောင့် အရိုးသန်မာစေလိုသူတွေ ကစားပေးသင့်ပါတယ်။
သွေးလည်ပတ်မှုကောင်းမွန်စေနိုင်တယ် – ယောဂက ကိုယ်တွင်းမှာ သွေးလည်ပတ်မှုကောင်းအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။
ကိုယ်ခံအားကောင်းစေနိုင်တယ် – ယောဂ ပုံမှန်လေ့ကျင့်ပေးမယ်ဆိုရင် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်သလို ကိုယ်ခံအားကောင်းလာမှာပါ။
သွေးပေါင်ကျစေတယ် – သွေးတိုးရောဂါရှိသူတွေအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းတစ်မျိုးပါ။
စိတ်ဖိစီးမှုကင်းစေတယ် – ယောဂပုံမှန်ကစားပေးမယ်ဆိုရင် စိတ်ဖိစီးမှု ကင်းစင်ပြီး နေ့ရက်တိုင်း ပျော်ရွှင်နေမှာပါ။
သွေးတွင်း သကြားဓာတ်ကျစေနိုင်တယ် – ယောဂက သွေးတွင်း သကြားဓာတ်ကို ကျဆင်းစေပြီး အကျိုးပြုကိုလက်စထရောပမာဏကို တိုးစေနိုင်ပါတယ်။
အာရုံစူးစိုက်မှုကောင်းစေတယ် – ယောဂက သွေးတွင်း အောက်ဆီဂျင်ပမာဏကို တိုးစေပြီး အာရုံစူးစိုက်မှုကောင်းစေပါတယ်။
အိပ်ပျော်စေတယ် – အိပ်မပျော်သူတွေ ယောဂ ကစားပေးပါ။ ကောင်းကောင်းအိပ်ပျော်စေမှာပါ။