ဘာကြောင့် ယောဂ ကျင့်စဉ်ကို လေ့ကျင့်သင့်တာလဲ

ဘာကြောင့် ယောဂ ကျင့်စဉ်ကို လေ့ကျင့်သင့်တာလဲ

15:44 PM 1 Feb, 2024

ယောဂ(Yoga) ဆိုတဲ့စကားလုံးဟာ စည်းလုံးခြင်း(Union) လို့ အဓိပ္ပာယ်ရပြီး ယောဂကျင့်စဉ်ဟာ ခန္တာကိုယ်နဲ့ လေရူရှိုက်မူတို့ကို စိတ်ဖြစ်စဉ်နဲ့ ဆက်စပ်မူရှိနေတဲ့ အပေါ်မှာ အခြေခံပြီးတော့ ဖေါ်ဆောင်ထားတဲ့ ကျင့်စဉ် တစ်ခု ဖြစ်ပါတယ်။

ယောဂကျင့်စဉ်မှာ အရေးပါတဲ့ အချက်(၅)ချက်နဲ့ ဖွဲ့စည်းထားပါတယ်။ 

* မှန်ကန်ပြီး စနစ်ကျတဲ့ လေရှုမှု၊ 

* လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ 

* အနားယူမှု၊ 

* အစားအသောက်နဲ့ အကောင်းမြင်ဝါဒ ကျင့်သုံးမှု၊ 

* တရားထိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ယောဂကျင့်စဉ်ရဲ့ အဓိကအနှစ်သာရကို စူးစမ်းလေ့လာကြည့်မယ်ဆိုရင် လူမှုဘဝရဲ့ အဓိက အရေးကြီးတဲ့အချက်ကြီး(၄-ချက်)ဖြစ်တဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်ကောင်းမွန်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ နုပျိုလန်းဆန်းခြင်း၊ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်ကြံ့ခိုင်ခြင်း နဲ့ ခံယူချက်များပြည့်မြောက်အောင် ဆောင်ရွက်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိနိင်တယ်လို့ သိရပါတယ်။

ယောဂကျင့်စဉ်များရဲ့ အဓိကဦးတည်ချက်ဟာ မိမိခန္ဓာကိုယ်ကို ဗဟိုချက်တစ်ခုအဖြစ် သတ်မှတ်ပြီး ပတ်ဝန်းကျင်နဲ့ မိမိအကြားမှာ ပြီးပြည့်စုံတဲ့ အချိုးညီ သဟဇာတဖြစ်စေဖို့ ချိန်ညှိပေးနေတဲ့ ကျင့်စဉ်များဖြစ်ကြပါတယ်။

ယောဂကျင့်စဉ်ကို မှန်မှန်လေ့ကျင့်ခြင်း အားဖြင့် တောင့်တင်းနေသော ကြွက်သားများ ပြေလျော့သွားခြင်း၊ ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းများကို ကြံ့ခိုင်သန်စွမ်းစေခြင်း၊ တွယ်ဆက်ထားသော အဆစ်အမြစ်များနှင့် အရွတ်များ ကွေးနှိုင် ဆန့်နှိုင်၊ ပြောင်းလွယ်ပြင်လွယ်နိုင်မှု စွမ်းအား တိုးတက်ခြင်း စသော သက်ရှည်ကျမ်းမာကြံ့ခိုင်စေသည့် ကောင်းကျိုးချမ်းသာကို ဖြစ်ထွန်းစေမှာပဲ ဖြစ်ပါတယ်။

နိုင်ငံတကာမှာတော့ အပြည်ပြည်ဆိုင်ရာ ယောဂနေ့ကို ဇွန်လ (၂၁)ရက်အဖြစ် သတ်မှတ်ထားပြီး နှစ်စဉ် ဇွန်လ (၂၁)ရက်နေ့ ရောက်တိုင်း ကမ္ဘာပေါ်က လူသန်းပေါင်းများစွာဟာ အခမ်းအနားများ ပြုလုပ်ပြီး ယောဂ ကျင့်စဉ်များကို လေ့ကျင့်ခြင်းများ ပြုလုပ်လေ့ရှိကြပါတယ်။