အဝလွန် မိန်းကလေးရဲ့ ယောဂကျင့်နေသော ပုံများကြောင့် တရုတ်အင်တာနက်သုံးစွဲသူများ အံ့ဩမှင်သက်သွားခဲ့

အဝလွန် မိန်းကလေးရဲ့ ယောဂကျင့်နေသော ပုံများကြောင့် တရုတ်အင်တာနက်သုံးစွဲသူများ အံ့ဩမှင်သက်သွားခဲ့

14:34 PM 25 Apr, 2024

အင်တာနက် ပေါ်တွင် အဝလွန် မိန်းကလေးတစ်ဦး ၏ ယောဂကျင့်စဉ် ကျင့်နေသည့် ပုံများ ထွက်ပေါ် လာပြီးနောက် တရုတ်နိုင်ငံမှ အင်တာနက် သုံးစွဲသူများသည် ၎င်းပြုလုပ်ခဲ့သည့် ခက်ခဲသော ယောဂ ကျင့်စဉ်များကြောင့် မှင်သက်သွားခဲ့ရကြောင်း သိရသည်။

အသက် ၂၂ နှစ်အရွယ် Dana Falsetti အမည်ရှိ မိန်းကလေးသည် အမေရိကန်နိုင်ငံ Pennsylvania ပြည်နယ် New Hope မြို့တွင် နေထိုင်သူ တစ်ဦးဖြစ်ပြီး ယခင်က ကိုယ်အလေးချိန် ပေါင် ၃၀၀ ရှိသည့်အနက် ပေါင် ၇၀ လျော့ကျခဲ့သော်လည်း စိတ်မပျော်ရွှင်နိုင်သေးသည့်အတွက် ထပ်မံ ကိုယ်အလေးချိန် ကျစေရန် ယောဂ ကျင့်စဉ်ကို ကစားခဲ့ကြောင်း သိရသည်။

Dana Falsetti သည် ကိုယ်လက် လေ့ကျင့်ခန်းများသည် ကျန်းမာသော လူနေမှု ပုံစံကို ရရှိနိုင်ရန် ၎င်းအား အကူအညီ ပေးနိုင်ကြောင်း နှင့် ၎င်း၏ ခန္ဓာကိုယ်အား ချစ်ခင် မြတ်နိုးတတ်စေရန် သင်ကြားပေးနိုင်ကြောင်းကို တွေ့ရှိခဲ့သည်။

ခက်ခဲသည့် ယောဂကျင့်စဉ် ပုံစံ အမျိုးမျိုးကို ပြုလုပ်နေသည့် Falsetti ၏ ပုံရိပ်များသည် ယောဂ ကစားခြင်းကို အားကစားတစ်ခု အနေဖြင့် လူငယ်များ အကြား ခေတ်စားနေသည့် တရုတ်နိုင်ငံရှိ လူအများအပြားကို မှင်သက် သွားစေခဲ့ကြောင်း သိရသည်။