ယောဂလေ့ကျင့်ခြင်းဖြင့် သင့်ကို ဘာတွေပေးစွမ်းနိုင်မှာလဲ

ယောဂလေ့ကျင့်ခြင်းဖြင့် သင့်ကို ဘာတွေပေးစွမ်းနိုင်မှာလဲ

10:11 AM 3 Jun, 2024

ယောဂကို အသက်အရွယ်မရွေး လူတိုင်းလေ့ကျင့်လို့ရပါတယ်။ ယောဂဟာ ကလေးဘဝကနေပြီး အသက်ကြီးလာတဲ့အချိန်အထိ ပျော်ပျော်ရွှင်ရွှင်လုပ်ဆောင်သွားလို့ရတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ယောဂကျင့်တဲ့ လူအများစုကတော့ သူတို့စောစောစခဲ့မိရင် အကောင်းသားလို့ ဆန္ဒရှိတတ်ကြပါတယ်။

ယောဂဟာ ခန္ဓါကိုယ်ကြံ့ခိုင်သန်စွမ်းဖို့၊ ပျော့ပျောင်းဖို့နဲ့ ညီညွတ်မျှတဖို့ဆိုတာတွေအတွက်တော့ လုံခြုံစိတ်ချရပြီး ထိရောက်မှုရှိစေတဲ့ နည်းလမ်းတစ်ခုပါ။ ယောဂဟာ အကြောဝေဒနာခံစားနေရသူတွေအတွက် နာကျင်မှုတွေကို သက်သာစေတယ်လို့ နာမည်ကြီးပါတယ်။ သူ့ရဲ့ သိမ်မွေ့တဲ့ ကိုယ်နေဟန်ထားတွေက ပျော့ပျောင်းမှုနဲ့ အားကောင်းမှုကို တိုးမြှင့်စေပါတယ်။

အချို့တွေကတော့ ဒီလိုတည်ငြိမ်စေတဲ့ သက်ရောက်မှုတွေဟာ လူတွေရဲ့ သွေးဖိအားတွေကို မျှတစေပြီး သွေးဖိအားပြဿနာရှိတဲ့လူတွေအတွက် ကောင်းမွန်စေကာ နှလုံးရောဂါရှိသူတွေအတွက်တော့ သွေးကို ပုံမှန်စီးဆင်းစေပြီး ရောင်ရမ်းခြင်းတွေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ 

အသက်ရှူခြင်းကို ထိန်းချုပ်တာက ကြွက်သားတွေကို အနားရစေပြီး ကိုယ်နေဟန်ထားကို မှန်ကန်စေကာ အာရုံစူးစိုက်မှုရရှိစေနိုင်ပါတယ်။ လေ့လာမှုတစ်ခုကလည်း ယောဂဟာ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကို ပြေလည်စေတယ်လို့ တွေ့ရှိပြီး အိပ်ဆေးတောင် သောက်စရာမလိုတော့တာကို တွေ့ရှိရပါတယ်။

ဒါပေမဲ့ အချို့သော ယောဂလှုပ်ရှားမှုတွေဟာ အချို့သော လူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ နည်းပြတွေနဲ့ သင်လုပ်တဲ့ အနေအထားပေါ်မူတည်ပြီး သင့်ခန္ဓါကိုယ်ကြံ့ခိုင်မှုတွေ၊ ပျော့ပျောင်းမှုတွေနဲ့ ညီညွတ်မျှတမှုတွေကို တည်ဆောက်ပေးနိုင်ပါတယ်။