ကမ္ဘာ့အသက်အငယ်ဆုံး ယောဂနည်းပြအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့သည့် အိန္ဒိယနိုင်ငံမှ အသက်၇နှစ်အရွယ် မိန်းကလေး

ကမ္ဘာ့အသက်အငယ်ဆုံး ယောဂနည်းပြအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့သည့် အိန္ဒိယနိုင်ငံမှ အသက်၇နှစ်အရွယ် မိန်းကလေး

14:41 PM 19 Jul, 2024

အိန္ဒိယနိုင်ငံမှ Praanvi Gupta အမည်ရှိအသက်(၇)နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံးယောဂနည်းပြအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ခဲ့ကြောင်းသိရသည်။

ကမ္ဘာ့အသက်အငယ်ဆုံး ယောဂနည်းပြ (အမျိုးသမီး) အဖြစ် သတ်မှတ်ခံရချိန်တွင် Praanvi Gupta သည် အသက် (၇)နှစ်နှင့် (၁၆၅)ရက် အရွယ်သာရှိသေးကြောင်း ဂင်းနစ်စံချိန်မှတ်တမ်းထိန်းသိမ်းသည့်အဖွဲ့အစည်းက ပြောကြားခဲ့သည်။ အသက်(၃)နှစ်ကျော်တွင် မိခင်ဖြစ်သူနှင့်အတူ ယောဂလေ့ကျင့်ခဲ့သည့် Praanvi Gupta သည် နာရီပေါင်း(၂ဝဝ)ကြာ ယောဂသင်တန်းကိုပြီးဆုံးခဲ့ပြီးနောက် ယောဂနည်းပြတစ်ဦးအဖြစ် Yoga Alliance Organization က အသိအမှတ်ပြုခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

Praanvi Gupta က"ကျွန်မက ယောဂကျင့်တာကို လူတွေ အားလုံးဆီကို တတ်နိုင်သမျှဖြန့်ပေးချင်ပါတယ်"ဟုပြောဆိုခဲ့သည်။

Praanvi Gupta သည် ယောဂကျင့်နေသည့် ဗီဒီယိုများကို ၎င်း၏ YouTube ချန်နယ်တစ်ခုဖြစ်သည့် Learning with Praanvi ဆိုသည့် ချန်နယ်တွင် ပုံမှန်တင်ပေးလျက်ရှိကြောင်းသိရသည်။ 

ကမ္ဘာ့အသက်အငယ်ဆုံး ယောဂနည်းပြ(အမျိုးသား)မှာ အိန္ဒိယတွင်နေထိုင်သော Reyansh Surani ဆိုသည့် အမျိုးသားတစ်ဦးဖြစ်ကြောင်းလည်းသိရသည်၊၊ 


၂ဝ၂၁ ခုနှစ် ဇူလိုင်လတွင် ယောဂနည်းပြအဖြစ် အသိအမှတ်ပြုခံရချိန်တွင် Reyansh Surani သည် အသက်(၉)နှစ်နှင့် ရက်ပေါင်း(၂၂ဝ)အရွယ်သာရှိသေးကြောင်းလည်းသိရသည်။