Yoga ကို ပထမဆုံး စတင်လေ့ကျင့်တဲ့သူတွေအတွက် သိထားသင့်တဲ့ အခြေခံအချက်များ

Yoga ကို ပထမဆုံး စတင်လေ့ကျင့်တဲ့သူတွေအတွက် သိထားသင့်တဲ့ အခြေခံအချက်များ

13:35 PM 29 Jul, 2024

သင့်တော်မယ့်အချိန်တစ်ခုသတ်မှတ်ပါ။

ယောဂလေ့ကျင့်ဖို့အတွက် အကောင်းဆုံးအချိန်က နံနက်အိပ်ယာထပြီး တစ်နာရီ ဒါမှမဟုတ် ညနေခင်းအချိန်တွေ ဖြစ်ပါတယ်။ ဒီလိုအချိန်တွေမှာ ယောဂကျင့်တာဟာ စိတ်ကို လန်းဆန်းစေပြီး တစ်နေ့တာမှာ စုဆောင်းထားတဲ့ စိတ်ဖိစီးမှုတွေကို ပြေပျောက်စေမယ့် နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ အချိန်တစ်ခုသတ်မှတ်ခြင်းက သင့်အတွက် နေ့စဉ် ယောဂလေ့ကျင့်ခန်းလုပ်ဖို့ အလေ့အထကို မပျက်မကွက်ဖြစ်စေပါတယ်။


သက်တောင့်သက်သာဖြစ်စေမယ့် နေရာမျိုးကို ရွေးချယ်ပါ။

Yoga လေ့ကျင့်ရတာက ခန္ဓာကိုယ်ကို ဆွဲဆန့်ရတာမျိုး၊ ကွေးရတာမျိုးတွေ ဖြစ်တဲ့အတွက် Yoga လေ့ကျင့်တော့မယ်ဆိုရင် မိမိအတွက် သက်တောင့်သက်သာရှိစေမယ့် နေရာမျိုးကို ရွေးချယ်သင့်ပါ။ တိတ်ဆိတ်တဲ့ နေရာ လေဝင်လေထွက်ကောင်းစေမယ်နေရာမျိုးတွေကို ရွေးချယ်ပါ။


ကဖင်းဓာတ်ပါဝင်တဲ့ အစားအသောက်တွေကို Yoga မလေ့ကျင့်ခင်မှာ စားသောက်လို့ မရပါဘူး။

နောက်ထပ်အရေးကြီးဆုံးတစ်ချက်က ယောဂလေ့ကျင့်ခန်းတွေ လေ့ကျင့်တော့မယ်ဆိုရင် အစာစားပြီး ၂-၃ နာရီ ကြာပြီးမှ ယောဂကျင့်စဉ်တွေကို လေ့ကျင့်သင့်ပါတယ်။ အစားအသောက်စားပြီး 1 နာရီ/ 2 နာရီအတွင်း ‌Yoga မလေ့ကျင့်သင့်ပါဘူး။ ရေသောက်မယ်ဆိုရင်လည်း မလေ့ကျင့်ခင်မှာ အနည်းငယ် သောက်‌လို့ရပါတယ်။ လေ့ကျင့်နေစဉ် အတောအတွင်းမှာတော့ ရေမသောက်ပါနဲ့။ 


အခြေခံယောဂလေ့ကျင့်ခန်းတွေကနေ စတင်ပါ။

အခုမှ စပြီး ယောဂလေ့ကျင့်သူဆိုရင် Vinyasa yoga, Hatha yoga, or Ashtanga yoga စတဲ့ ယောဂအမျိုးအစားတွေကို လွယ်ကူစွာ လေ့ကျင့်လို့ရပါတယ်။ ယောဂလေ့ကျင့်ခန်းတွေ လုပ်တော့မယ်ဆိုရင် အရင်ဆုံး အကြောလျော့လေ့ကျင့်ခန်းတွေကို လုပ်တာအကောင်းဆုံးဖြစ်ပါတယ်။ သင့်ဟာ အခြေခံယောဂလေ့ကျင့်ခန်းတွေကို ပိုင်နိုင်ပြီဆိုရင် နောက်တစ်ဆင့်အနေနဲ့ အဆင့်မြင့်ယောဂလေ့ကျင့်ခန်းတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ 


သက်တောင့်သက်တာရှိတဲ့ အဝတ်အစားမျိုးကို ဝတ်ပါ။

Yoga လေ့ကျင့်ရတာက ခန္ဓာကိုယ်ကို ဆွဲဆန့်ရတာမျိုး၊ ကွေးရတာမျိုးတွေ ဖြစ်တဲ့အတွက် Yoga လေ့ကျင့်တော့မယ်ဆိုရင် ဆွဲဆန့်နိုင်ပြီး မိမိခန္ဓာကိုယ်နဲ့ သက်တောင့်သက်သာရှိမယ့် အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။


အချိန်မှန်လေ့ကျင့်ပါ။

Yoga ကို အခုမှ စတင်လေ့ကျင့်မယ့်သူတွေအနေနဲ့ အချိန် 1 နာရီ/ 2 နာရီလောက် ကြာအောင် အကြာကြီး လေ့ကျင့်တာမျိုးထက် တစ်နေ့ကို 10-15 မိနစ်ကနေစပြီး မိနစ် 30 လောက်အတွင်း အချိန်မှန် လေ့ကျင့်တာမျိုးက ပိုထိရောက်ပြီး ပိုသင့်တော်ပါတယ်။ ယောဂကို စလေ့ကျင့်မယ့်သူတွေ မဖြစ်မနေလိုအပ်တာကတော့ အရည်အသွေးကောင်းမွန်တဲ့ ယောဂဖျာပဲဖြစ်ပါတယ်။ စစချင်းမှာ တခြား အထောက်အကူပစ္စည်းတွေတော့ အများကြီး ဝယ်ဖို့ မလိုအပ်သေးပါဘူး။