ယောဂကို ဘာလို့လေ့ကျင့်သင့်တာလဲ?

ယောဂကို ဘာလို့လေ့ကျင့်သင့်တာလဲ?

15:51 PM 7 Aug, 2024

ယောဂကျင့်ခြင်းဟာ ကျန်းမာရေးအရ အကျိုးတွေအများကြီး ဖြစ်ပေါ်စေပါတယ်။

၁။ခန္ဓာကိုယ်ပျော့ပြောင်းမှုကို ဖြစ်ပေါ်စေ

ယောဂကျင့်ခြင်းကြောင့် ခန္ဓာကိုယ် အကွေးအဆန့်နဲ့ လှုပ်ရှားမှုတွေမှာ ပျော့ပျော့ပြောင်းပြောင်းဖြစ်စေပါတယ်။

၂။စိတ်ဖိစီးမှုကို လျော့ကျစေ

ယောဂကျင့်ခြင်းကြောင့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေပြီး စိတ်အပန်းပြေစေပါတယ်။

၃။အိပ်ရေး၀၀အိပ်နိုင်ခြင်း

ယောဂကျင့်ခြင်းကြောင့် စိတ်ဖိစီးမှုများတဲ့ တစ်နေ့တာအပြီး စိတ်တည်တည်ငြိမ်ငြိမ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အိပ်ရေး၀၀ အိပ်စက်အနားယူနိုင်ပါတယ်။

၄။ကိုယ်ခံအားကောင်းစေခြင်း

ယောဂကျင့်ခြင်းကြောင့် ကြွက်သားတွေ တောင့်တင်းလာပြီး ခန္ဓာကိုယ်ကို သန်မာလာစေပါတယ်။ 

ယောဂကျင့်ခြင်းကြောင့် စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်ပါတယ်။