အလုပ်များသူများအတွက် အကောင်းဆုံး ယောဂကျင့်စဉ် ၅ မျိုး

အလုပ်များသူများအတွက် အကောင်းဆုံး ယောဂကျင့်စဉ် ၅ မျိုး

19:30 PM 6 Oct, 2024

ယခုဖော်ပြမယ့် ယောဂကျင့်စဉ်များဟာ အလုပ်များနေသူများအတွက် သင့်လျော်ပြီး ခန္ဓာကိုယ်၏ အစိတ်အပိုင်းများစွာကို ပစ်မှတ်ထားကာ လျင်မြန်စွာ လုပ်ဆောင်နိုင်တဲ့ ယောဂကျင့်စဉ်တွေ ဖြစ်ပါတယ်။ ယောဂကျင့်စဉ်များကို တစ်နေ့လျှင် 5 မိနစ် သို့မဟုတ် 10 မိနစ်မျှသာ လုပ်ဆောင်ခြင်းဖြင့် သင်၏ပျော့ပြောင်းမှုနှင့် ခွန်အားကို မြှင့်တင်ရန် ၎င်းတို့က သင့်ကို ကူညီပေးပါလိမ့်မည်။ ကိုယ်ဟန်အနေအထား (၅)ခုလုံးကို ပေါင်းစပ်လိုက်တဲ့အခါ၊ ကြွက်သားအုပ်စုများစွာကို ပစ်မှတ်ထားပြီး သင့်ကျန်းမာရေးအတွက် အလွန်အကျိုးရှိတဲ့ လေ့ကျင့်ခန်းတစ်ခု ရလာစေတာ ဖြစ်ပါတယ်။ 01.Half Lord of the Fishes Pose (Ardha Matsyendrasana) ************************** ယောဂကျင့်စဉ်သည် ဝမ်းဗိုက်ကြွက်သားများကို သန်မာစေပြီး ကျောရိုးကို ဆန့်ထုတ်ကာ တင်ပါးနှင့် ကျောရိုးတို့ကို ပျော့ပျောင်းစေပြီး ပခုံးများကို ဖွင့်ပေးတဲ့ ကျင့်စဉ်ဖြစ်ပါတယ်။ ၎င်းသည် အတွင်းအင်္ဂါများကို သန့်စင်စေပြီး အစာချေဖျက်ရာတွင်လည်း ကူညီပေးသည်။ 02.Warrior I Pose (Virabhadra's Pose) ************************** ၎င်းသည် Warrior Pose ၏ ပုံစံသုံးမျိုးအနက်မှ တစ်ခုဖြစ်သည်။ ယခုယောဂကျင့်စဉ်သည် ခြေထောက်၊ ဒူး၊ ပေါင်ခြံ၊ ဝမ်းဗိုက်၊ ခြေကျင်းဝတ်၊ နောက်ကျောနှင့် ထောင့်စွန်းများကို အားကောင်းစေသည့် အလွန်အစွမ်းထက်သော ကျင့်စဉ်ဖြစ်ပါတယ်။ Warrior I သည် စိတ်ဖိစီးမှုကို ပြေလျော့စေပြီး သင်၏ Manipura chakra ကိုဖွင့်ရန်အတွက် အကောင်းဆုံး ကိုယ်ဟန်အနေအထားတစ်ခုရရှိစေမှာ ဖြစ်ပါတယ်။ 03.Cobra Pose (Bhujanga Pose) ************************** အလုပ်များသူများစွာသည် နောက်ကျောပြဿနာများကို ခံစားကြရပါတယ်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အချိန်ကြာမြင့်စွာ ထိုင်နေခြင်း သို့မဟုတ် နောက်ကျောတွင် ခက်ခဲသော ပြင်းပြင်းထန်ထန် လှုပ်ရှားမှုများကို လုပ်ဆောင်ခြင်းကြောင့် ဖြစ်သည်။ Cobra Pose သည် ခါးနာခြင်းကို ကုသရန် အကောင်းဆုံးကိုယ်ဟန်များထဲမှ တစ်ခုဖြစ်သည်။ ကျောအောက်ပိုင်းကြွက်သားများကို သန်မာစေပြီး ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ပေးပြီး ကြွက်သားနာခြင်းမှလဲကာကွယ်ပေးပါသည်။ ၎င်းသည် အလုပ်လုပ်နေစဉ် နာရီပေါင်းများစွာ ထိုင်နေသူများတွင် ဖြစ်ပွားလေ့ရှိသည့် လုံးဝန်းသော ပုခုံးများကို ပြုပြင်ပေးနိုင်တဲ့ ကျင့်စဥ်ဖြစ်ပါတယ်။ 04.Boat Pose (Paripurna Nava Pose) ************************** Boat Pose သည် လုပ်ဆောင်ရန် ရိုးရှင်းပြီး အလွန်အကျိုးရှိပါတယ်။ ၎င်းသည် ဝမ်းဗိုက်ကြွက်သားများကို သန်မာစေကာ တံကောက်ကြောများကို ဆန့်ထုတ်ကာ ဟန်ချက်ကောင်းမွန်စေကာ ကျောရိုးနှင့် တင်ပါးဆုံရိုးများကို အားကောင်းစေမည်ဖြစ်သည်။ ၎င်းသည် စိတ်ဖိစီးမှုကို ပြေလျော့စေခြင်း၊ ယုံကြည်မှုကို မြှင့်တင်ပေးခြင်းနှင့် အမျိုးမျိုးသော ကိုယ်တွင်းအင်္ဂါများကို လှုံ့ဆော်ပေးရာတွင်လည်း ထိရောက်မှုရှိပါသည်။ 05.Tree Pose (Vrksasana Pose) ************************** Tree Pose သည် သင်၏ဟန်ချက်၊ ကိုယ်ဟန်အနေအထား၊ ညှိနှိုင်းမှုနှင့် ယုံကြည်မှုတို့ကို ပိုမိုကောင်းမွန်စေရန်အတွက် အသုံးဝင်သည်။ ၎င်းသည် ကျောရိုးအတွင်း ပျော့ပြောင်းမှုကိုလည်း တိုးမြှင့်ပေးမည်ဖြစ်ပြီး နှလုံး chakra ကိုဖွင့်ကာ သင့်ခြေထောက်များကို အားကောင်းစေမည်ဖြစ်သည်။ တစ်နေ့လုံး သင့်ရဲ့ အလုပ်စားပွဲမှာ အလုပ်လုပ်နေရခြင်းဟာ ပျင်းရိငြီးငွေ့စရာကောင်းရုံတင်မကပါဘူး သင့်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ် ။ အလုပ်ချိန်တွေမှာ ပျော်ရွှင်ဖို့နဲ့ အလုပ်လုပ်နိုင်စွမ်း၊ အလုပ်ပြီးမြောက်နိုင်စွမ်းတွေ တိုးတက်လာစေဖို့ သင်နဲ့ သင့်ရဲ့လုပ်ဖော်ကိုင်ဘက်တွေပါ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တော့ ယောဂဟာ အကောင်းဆုံး ရွေးချယ်မှုဖြစ်ပါလိမ့်မယ်။