ဆောင်းရာသီက အလိုလိုနေရင်းနဲ့ကို ထိုင်းမှိုင်းပြီး ကိုယ်လက်မအီမသာဖြစ်တာမျိုးတွေ အရမ်းဖြစ်ပါတယ်။ ဒါကြောင့် တခြားအချိန်မှာ လေ့ကျင့်ခန်းမလုပ်ဖြစ်ရင်တောင် ဆောင်းရာသီမှာတော့ လုပ်ပေးသင့်ပါတယ်။ Gym သွားရမှာလည်းပျင်းတယ်၊ လေ့ကျင့်ခန်းလည်း အများကြီးမလုပ်ချင်ဘူး ဆိုတဲ့သူတွေကတော့ ဆောင်းရာသီမှာ ကျန်းမာစေမယ့် အကောင်းဆုံး ဒီလေ့ကျင့်ခန်း ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
Yoga ကျင့်ခြင်း
Yoga ကျင့်ပေးတာက သွေးလည်ပတ်မှုကောင်းမွန်စေပြီး နာကျင်မှုတွေ သက်သာစေတယ်၊ စိတ်ရောကိုယ်ပါ ထိုင်းမှိုင်းနေတာတွေ သက်သာပျောက်ကင်းစေတယ်၊ စိတ်ကြည်လင် လန်းဆန်းစေပါတယ်။
ကြိုးခုန်ခြင်း
ကြိုးခုန်ပေးခြင်းက ခန္ဓာကိုယ် ပေါ့ပါးသွက်လက်စေပြီး ထိုင်းမှိုင်းတာတွေ ပျောက်စေတယ်၊ ကိုယ်ရောစိတ်ပါ Active ဖြစ်စေတယ်၊ သွေးလည်ပတ်မှုကောင်းစေတယ်၊ ဝိတ်လည်း ကျစေပါတယ်။ ဆောင်းရာသီလိုအေးတဲ့အချိန်မှာ ပိုတောင်လုပ်ပေးသင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတစ်ခုပါပဲ။
Squats ထိုင်ခြင်း
Squats ထိုင်ပေးခြင်းက တင်ပါးနဲ့ ခြေထောက်အတွက်ကောင်းတဲ့ လေ့ကျင့်ခန်းပါပဲ။ Body လှပဖို့ အထောက်အကူဖြစ်သလို ကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်ပါတယ်။
Plank ထောက်ခြင်း
Plank ထောက်ပေးတာက အညောင်းအညာပြေစေပြီး ချွေးထွက်စေတယ်၊ အဆီကျစေတယ်၊ ဗိုက်ချပ်စေပါတယ်။ အဆီကျဖို့လေ့ကျင့်ခန်းလုပ်ရင်ပဲဖြစ်ဖြစ်၊ ကျန်းမာရေးအတွက် လုပ်ရင်ပဲဖြစ်ဖြစ် ဒီ Plank ထောက်တာက မပါမဖြစ်ပါပဲ။
Push Ups
Puch Ups ကတော့ ကြွက်သားတွေ သန်မာကျစ်လစ်စေပြီး Active ဖြစ်စေတယ်၊ သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။ ချွေးထွက်စေတဲ့အတွက် ခန္ဓာကိုယ် ပေါ့ပါး လန်းဆန်း စေပါတယ်။ Stress တွေလည်း လျော့ကျစေပါတယ်။ ဆောင်းတွင်းမှာ လုပ်သင့်တဲ့ သွေးပူလေ့ကျင့်ခန်းဆိုလည်း မမှားပါဘူး။