
စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး စိတ်ကြည်လင်စေမယ့် ယောဂကျင့်စဉ် ၆ ခု
16:44 PM 9 May, 2025
ဒီလေ့ကျင့်ခန်း ၆ ခုက သင့်ရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး အာရုံစူးစိုက်မှုရှိတဲ့ ငြိမ်းချမ်းတဲ့နေ့တစ်နေ့ကို ပိုင်ဆိုင်နိုင်ဖို့အတွက် စွမ်းအင်တွေကို ဖြည့်တင်းပေးမှာပါ။
Sukhasana (Easy Pose) - ကျောရိုးနဲ့ ခါးက တင်းအားတွေကို လျှော့ချဖို့အတွက် သက်တောင့်သက်သာထိုင်ပြီး စတင်ပါ။ နေ့စဉ်လေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့် စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးပြီး အာရုံစူးစိုက်မှုကို မြှင့်တင်ပေးပါတယ်။
Marjaryasana-Bitilasana (Cat-Cow Stretch) - ကိုယ်ခန္ဓာကို ညင်သာစွာနွေးထွေးစေပြီး ခါးနဲ့လည်ပင်းက တင်းအားတွေကို လျှော့ချပေးပါတယ်။ ဒီလေ့ကျင့်ခန်းက အာရုံကြောစနစ်ကို လှုံ့ဆော်ပေးပြီး ကျောနဲ့ ပခုံးက တင်းအားတွေကို လျှော့ချပေးကာ ချက်ချင်းစွမ်းအင်တွေရရှိစေပါတယ်
။
Adho Mukha Svanasana (Downward-Facing Dog) - စုဆောင်းထားတဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး ချက်ချင်းစိတ်တည်ငြိမ်မှုနဲ့ စွမ်းအင်ကို ခံစားရစေပါတယ်။ Downward Dog က ဦးနှောက်ဆီသို့ သွေးစီးဆင်းမှုကို တိုးစေပြီး ကျောရိုးကို ဆန့်ထုတ်ပေးကာ ခြေလက်တွေက တင်းအားတွေကို လျှော့ချပေးပါတယ်။
Uttanasana (Standing Forward Bend) - ဦးနှောက်ဆီသို့ သွေးစီးဆင်းမှုကို ကောင်းမွန်စေခြင်းအားဖြင့် စိတ်တည်ငြိမ်မှုရရှိစေပြီး စွမ်းအင်တွေကို တိုးပွားစေပါတယ်။
Setu Bandhasana (Bridge Pose) - ရင်ဘတ်ကို ဖွင့်ပေးပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ နေ့စဉ်မနက်ပိုင်းမှာ လေ့ကျင့်ပေးခြင်းအားဖြင့် ခိုင်မာတဲ့ စိတ်ကျန်းမာရေးကို တည်ဆောက်ပေးပြီး ခန္ဓာကိုယ်နဲ့ စိတ်နှစ်ခုစလုံးအတွက် တည်ငြိမ်မှုနဲ့ စွမ်းအင်ကို ပေးစွမ်းနိုင်ပါတယ်။
Tadasana (Mountain Pose) - စိတ်ကိုငြိမ်သက်စေတဲ့ အကျိုးကျေးဇူးရှိပြီး ကြွက်သားတွေနဲ့ အာရုံကြောစနစ်ကို လှုံ့ဆော်ပေးကာ ကိုယ်ဟန်အနေအထားနဲ့ ဟန်ချက်ညီမှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ စွမ်းအင်ကို မြှင့်တင်ပေးပါတယ်။